34. အထက်တွင်ဖော်ပြပါရှိသောအမျိုးသား တို့သည် မိမိတို့ဘိုးဘေးအဆက်အနွယ် စာရင်းများအရလေဝိအိမ်ထောင်ဦးစီး များဖြစ်ကြ၏။ သူတို့သည်ယေရုရှလင် မြို့တွင်နေထိုင်သည့်ခေါင်းဆောင်များဖြစ် ပေသည်။
35. ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။-
36. သူ၏သားဦးကားအာဗဒုန်ဖြစ်၏။ သူ၏ အခြားသားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
37. ဂေဒေါ်၊ အဟိသြ၊ ဇာခရိ၊ မိကလုတ်တို့ ဖြစ်ကြ၏။-
38. မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့၏ သားမြေးများသည် မိမိတို့၏အနွယ်ဝင် အခြားအိမ်ထောင်စုများနှင့်ယှဉ်တွဲ၍ ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။