၁ ရာ​ချုပ် 9:30-40 Common Language Bible (BCL)

4-6. ယု​ဒ​အ​နွယ်​မှ​အိမ်​ထောင်​စု​ပေါင်း​ခြောက်​ရာ ကိုး​ဆယ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။ယု​ဒ​၏​သား​ဖာ​ရက်​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​ဥသဲ​ဖြစ်​၏။ သူ​သည်​အ​မိ ဟုဒ်​၏​သား၊ သြ​မ​ရိ​၏​မြေး​တည်း။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ဣ​မ​ရိ​နှင့် ဗာ​နိ​တို့​ပါ​ဝင်​သည်။ယု​ဒ​၏​သား​ရှေ​လ​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​အ​သာ​ယ​ဖြစ်​၏။ သူ​သည် မိ​မိ​၏​အိမ်​ထောင်​ဦး​စီး​ဖြစ်​လေ​သည်။ယု​ဒ​၏​သား​ဇေ​ရ​မှ​ဆင်း​သက်​လာ​သူ တို့​၏​ခေါင်း​ဆောင်​မှာ​ယွေ​လ​ဖြစ်​၏။

30. သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။

31. ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။-

32. ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။

33. လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။

34. အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။

35. ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့​ကို​တည်​ထောင်​၍ ထို​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ​၏​ဇနီး​မှာ​မာခါ​နာ​မည်​ရှိ​၏။-

36. သူ​၏​သား​ဦး​ကား​အာ​ဗ​ဒုန်​ဖြစ်​၏။ သူ​၏ အ​ခြား​သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊-

37. ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တို့ ဖြစ်​ကြ​၏။-

38. မိ​က​လုတ်​၏​သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့​၏ သား​မြေး​များ​သည် မိ​မိ​တို့​၏​အ​နွယ်​ဝင် အ​ခြား​အိမ်​ထောင်​စု​များ​နှင့်​ယှဉ်​တွဲ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။

39. နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-

40. ယော​န​သန်​၏​သား​သည်​မေ​ရိဗ္ဗာ​လ၊ မေ​ရိဗ္ဗာ​လ ၏​သား​မှာ​မိက္ခာ​ဖြစ်​၏။-

၁ ရာ​ချုပ် 9