30. သို့ရာတွင်နံ့သာမျိုးတို့ကိုပေါင်းစပ်ရော နှောသည့်အလုပ်မှာမူ ယဇ်ပုရောဟိတ်တို့ ၏တာဝန်ဖြစ်ပေသည်။
31. ကောရဆွေမျိုးစုမှရှလ္လုံ၏သားဦးမတ္တိသိ နာမည်ရှိသောလေဝိအနွယ်ဝင်တစ်ယောက် သည် မီးဖြင့်ဖုတ်လုပ်ရသည့်ပူဇော်သကာ များကိုတာဝန်ယူ၍ပြင်ဆင်ရ၏။-
32. ကောဟတ်သားချင်းတွင်ပါဝင်သူတို့သည် ဥပုသ်နေ့တိုင်းဗိမာန်တော်အတွက်ရှေ့ တော်မုန့်ကိုပြင်ဆင်ရကြ၏။
33. လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
34. အထက်တွင်ဖော်ပြပါရှိသောအမျိုးသား တို့သည် မိမိတို့ဘိုးဘေးအဆက်အနွယ် စာရင်းများအရလေဝိအိမ်ထောင်ဦးစီး များဖြစ်ကြ၏။ သူတို့သည်ယေရုရှလင် မြို့တွင်နေထိုင်သည့်ခေါင်းဆောင်များဖြစ် ပေသည်။
35. ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ၏ဇနီးမှာမာခါနာမည်ရှိ၏။-
36. သူ၏သားဦးကားအာဗဒုန်ဖြစ်၏။ သူ၏ အခြားသားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
37. ဂေဒေါ်၊ အဟိသြ၊ ဇာခရိ၊ မိကလုတ်တို့ ဖြစ်ကြ၏။-
38. မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့၏ သားမြေးများသည် မိမိတို့၏အနွယ်ဝင် အခြားအိမ်ထောင်စုများနှင့်ယှဉ်တွဲ၍ ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။