၁ ရာ​ချုပ် 9:18-30 Common Language Bible (BCL)

18. သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။

19. ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။-

20. ဧ​လာ​ဇာ​၏​သား​ဖိ​န​ဟတ်​သည်​အ​ခါ တစ်​ပါး​က ထို​သူ​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​ရ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။

21. မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။

22. အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-

23. ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။-

24. ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။-

25. ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။-

26. တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-

27. သူ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​မှာ​ဗိ​မာန်​တော်​ကို စောင့်​ရန်​နှင့် တံ​ခါး​များ​ကို​နံ​နက်​တိုင်း​ဖွင့် ပေး​ရန်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ဗိ​မာန်​တော် အ​နီး​တွင်​နေ​ထိုင်​ရ​ကြ​၏။

28. အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။-

29. အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-

30. သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။

၁ ရာ​ချုပ် 9