18. သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။
19. ဘုရားသခင်၏တဲစခန်းကိုဘိုးဘေးတို့ တာဝန်ယူ၍စောင့်ရကြသကဲ့သို့ ဧဗျာသပ် ၏မြေး၊ ကောရ၏သားရှလ္လုံသည်မိမိ၏ အမျိုးသားများဖြစ်ကြသော အခြား ကောရသိသားချင်းစုဝင်တို့နှင့်အတူ သန့်ရှင်းမြင့်မြတ်သည့်တဲတော်အဝင်ဝ ကိုစောင့်ရန်တာဝန်ယူရ၏။-
20. ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
21. မေရှိလမိ၏သားဇာခရိသည်လည်း ထာဝရဘုရားကိန်းဝပ်ရာတဲတော် တံခါးစောင့်ဖြစ်၏။
22. အဝင်ဝနှင့်တံခါးပေါက်များအတွက် အစောင့်တပ်သားများအဖြစ် ရွေးချယ်ခန့် ထားခြင်းခံရသူများမှာ လူပေါင်းနှစ်ရာ တစ်ဆယ့်နှစ်ယောက်ရှိသတည်း။ ထိုသူတို့ အားမိမိတို့နေထိုင်ရာရပ်ရွာများအလိုက် မှတ်တမ်းတင်ထား၏။ သူတို့၏ဘိုးဘေးများ အားဤသို့တာဝန်ရှိသည့်အလုပ်ကိုပေး အပ်ခဲ့သူများမှာဒါဝိဒ်မင်းနှင့်ပရော ဖက်ရှမွေလတို့ဖြစ်၏။-
23. ထိုအစောင့်တပ်သားများနှင့်သားမြေးတို့ သည် ဆက်လက်၍ဗိမာန်တော်အဝင်တံခါး များကိုစောင့်ရကြ၏။-
24. ဗိမာန်တော်၏အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင်တံခါးတစ်ပေါက် စီရှိ၏။ ထိုတံခါးတစ်ပေါက်စီတွင်တံခါး မှူးတစ်ယောက်စီရှိ၏။-