13. အိမ်ထောင်ဦးစီးများဖြစ်ကြသည့်ယဇ်ပုရော ဟိတ်တို့၏အရေအတွက်မှာ စုစုပေါင်းတစ် ထောင့်ခုနစ်ရာခြောက်ဆယ်ဖြစ်၏။ သူတို့သည် ဗိမာန်တော်အတွင်း၌ဆောင်ရွက်ရသောအမှု ကိစ္စမှန်သမျှတို့တွင်အထူးကျွမ်းကျင်သူ များဖြစ်ကြ၏။
14-16. အောက်ပါလေဝိအနွယ်ဝင်တို့သည်ယေရုရှလင် မြို့တွင်နေထိုင်ကြ၏။မေရာရိသားချင်းစုဝင်၊ ဟာရှဘိနှင့်အာဇရိကံ တို့မှ ဆင်းသက်လာသောဟာရှုပ်၏သားရှေမာရ။ဗာကဗက္ကာ၊ဟေရက်နှင့်ဂလာလ။အာသပ်၊ဇိခရိတို့မှဆင်းသက်လာသော မိက္ခာ၏သားမဿနိ။ဂလာလ၊ ယေဒုသုံတို့မှဆင်းသက်လာ သော ရှေမာယ၏သားသြဗဒိ။ဧလကာန၏မြေး၊အာသ၏သားဗေရခိ၊ဧလကာနသည်နေတောဖာသိမြို့အပိုင် နယ်မြေသားဖြစ်၏။
17. ယေရုရှလင်မြို့တွင်နေထိုင်သည့်ဗိမာန်တော် အစောင့်တပ်သားများမှာရှလ္လုံ၊ အက္ကုပ်၊ တာ လမုန်နှင့်အဟိမန်တို့ဖြစ်၏။ ရှလ္လုံသည်သူ တို့၏ခေါင်းဆောင်တည်း။-
18. သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။
19. ဘုရားသခင်၏တဲစခန်းကိုဘိုးဘေးတို့ တာဝန်ယူ၍စောင့်ရကြသကဲ့သို့ ဧဗျာသပ် ၏မြေး၊ ကောရ၏သားရှလ္လုံသည်မိမိ၏ အမျိုးသားများဖြစ်ကြသော အခြား ကောရသိသားချင်းစုဝင်တို့နှင့်အတူ သန့်ရှင်းမြင့်မြတ်သည့်တဲတော်အဝင်ဝ ကိုစောင့်ရန်တာဝန်ယူရ၏။-
20. ဧလာဇာ၏သားဖိနဟတ်သည်အခါ တစ်ပါးက ထိုသူတို့အားကြီးကြပ်အုပ် ချုပ်ရလေသည်။ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
21. မေရှိလမိ၏သားဇာခရိသည်လည်း ထာဝရဘုရားကိန်းဝပ်ရာတဲတော် တံခါးစောင့်ဖြစ်၏။
22. အဝင်ဝနှင့်တံခါးပေါက်များအတွက် အစောင့်တပ်သားများအဖြစ် ရွေးချယ်ခန့် ထားခြင်းခံရသူများမှာ လူပေါင်းနှစ်ရာ တစ်ဆယ့်နှစ်ယောက်ရှိသတည်း။ ထိုသူတို့ အားမိမိတို့နေထိုင်ရာရပ်ရွာများအလိုက် မှတ်တမ်းတင်ထား၏။ သူတို့၏ဘိုးဘေးများ အားဤသို့တာဝန်ရှိသည့်အလုပ်ကိုပေး အပ်ခဲ့သူများမှာဒါဝိဒ်မင်းနှင့်ပရော ဖက်ရှမွေလတို့ဖြစ်၏။-
23. ထိုအစောင့်တပ်သားများနှင့်သားမြေးတို့ သည် ဆက်လက်၍ဗိမာန်တော်အဝင်တံခါး များကိုစောင့်ရကြ၏။-
24. ဗိမာန်တော်၏အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာတွင်တံခါးတစ်ပေါက် စီရှိ၏။ ထိုတံခါးတစ်ပေါက်စီတွင်တံခါး မှူးတစ်ယောက်စီရှိ၏။-