၁ ရာ​ချုပ် 9:1-13 Common Language Bible (BCL)

1. ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​အိမ် ထောင်​စု​များ​အ​လိုက်​စာ​ရင်း​ပြု​လုပ်​ထား ကြောင်း ဣ​သ​ရေ​လ​ဘု​ရင်​များ​ကျမ်း​တွင် မှတ်​တမ်း​တင်​၍​ထား​လေ​သည်။ယု​ဒ​ပြည်​သား​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့် ဗာ​ဗု​လုန်​ပြည်​သို့​ပြည်​နှင်​ဒဏ် အ​ပေး​ခံ​ရ​ကြ​၏။-

2. ပ​ထ​မ​ဦး​ဆုံး​မိ​မိ​တို့​၏​ဘိုး​ဘွား​ပိုင်​မြို့ ရွာ​များ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သူ များ​အ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား ဝတ်​ကြောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​ပါ​ဝင်​လေ​သည်။-

3. ယု​ဒ၊ ဗင်္ယာ​မိန်၊ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက် နေ​ထိုင်​ကြ​၏။

9. ဤ​အ​နွယ်​မှ​ထို​မြို့​တွင်​နေ​ထိုင်​သူ​အိမ်​ထောင်​စု များ​မှာ​ကိုး​ရာ့​ငါး​ဆယ့်​ခြောက်​စု​ရှိ​သ​တည်း။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား အား​လုံး​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ပေ သည်။

10-12. ယေ​ရု​ရှ​လင်​မြို့​တွင် အောက်​ပါ​ယဇ်​ပု​ရော ဟိတ်​များ​သီ​တင်း​သုံး​နေ​ထိုင်​ကြ​သည်။ယေ​ဒါ​ယ၊ယော​ယ​ရိပ်​နှင့်​ယာ​ခိန်၊မေ​ရှု​လံ၊ဇာ​ဒုတ်၊မ​ရာ​ယုတ်၊အ​ဟိ​တုပ်​တို့​မှ ဆင်း​သက်​လာ​သူ​ဟိ​လ​ခိ​၏​သား(ဗိ​မာန်​တော်​မှူး​ချုပ်) အာ​ဇ​ရိ။ပါ​ရှု​ရ​နှင့်​မာ​လ​ခိ​တို့​မှ​ဆင်း​သက်​လာ​သူ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ယာ​ဇေ​ရ၊ မေ​ရှု​လံ၊ မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ တို့​မှ​ဆင်း​သက်​လာ​သူ​အ​ဒေ​လ​၏​သား မာ​ရှဲ​တို့​ဖြစ်​ကြ​၏။

13. အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။

၁ ရာ​ချုပ် 9