1. ဣသရေလပြည်သူအပေါင်းတို့အားအိမ် ထောင်စုများအလိုက်စာရင်းပြုလုပ်ထား ကြောင်း ဣသရေလဘုရင်များကျမ်းတွင် မှတ်တမ်းတင်၍ထားလေသည်။ယုဒပြည်သားတို့သည်မိမိတို့၏အပြစ် များကြောင့် ဗာဗုလုန်ပြည်သို့ပြည်နှင်ဒဏ် အပေးခံရကြ၏။-
10-12. ယေရုရှလင်မြို့တွင် အောက်ပါယဇ်ပုရော ဟိတ်များသီတင်းသုံးနေထိုင်ကြသည်။ယေဒါယ၊ယောယရိပ်နှင့်ယာခိန်၊မေရှုလံ၊ဇာဒုတ်၊မရာယုတ်၊အဟိတုပ်တို့မှ ဆင်းသက်လာသူဟိလခိ၏သား(ဗိမာန်တော်မှူးချုပ်) အာဇရိ။ပါရှုရနှင့်မာလခိတို့မှဆင်းသက်လာသူ ယေရောဟံ၏သားအဒါယ။ယာဇေရ၊ မေရှုလံ၊ မေရှိလမုတ်နှင့် ဣမေရ တို့မှဆင်းသက်လာသူအဒေလ၏သား မာရှဲတို့ဖြစ်ကြ၏။