29. မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။ဤမြို့တို့သည်ယာကုပ်၏သားဖြစ်သူ ယောသပ်၏သားမြေးတို့နေထိုင်ရာဖြစ် သတည်း။
30. အာရှာ၏သားမြေးများမှာအောက်ပါ အတိုင်းဖြစ်၏။ အာရှာတွင်ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယဟူသောသားလေးယောက် နှင့်စေရဟူသောသမီးတစ်ယောက်ရှိ၏။
31. ဗေရိယတွင်ဟေဗာနှင့်မာလကျေလ ဟူသောသားနှစ်ယောက်ရှိ၏။ (မာလကျေလ သည်ဗိရဇာဝိတ်မြို့ကိုတည်ထောင်သည်။)
32. ဟေဗာတွင်ယာဖလက်၊ ရှောမာ၊ ဟောသံဟူ သောသားသုံးယောက်နှင့်ရှုအာဟူသော သမီးတစ်ယောက်ရှိ၏။
33. ယာဖလက်တွင်ပါသက်၊ ဗိမဟာလ၊ အာရှဝတ်ဟူ၍သားသုံးယောက်ရှိ၏။
34. ယာဖလက်၏ညီရှောမာတွင်ရောဂ၊ ယေဟုဗ္ဗ၊ အာရံဟူ၍သားသုံးယောက်ရှိ၏။
35. သူ၏ညီငယ်ဟောသံတွင်ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလဟူ၍သားလေးယောက်ရှိ၏။
36. ဇောဖ၏သားမြေးများမှာသုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊-
37. ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရတို့ ဖြစ်၏။
38. ယေသာ၏သားမြေးများမှာယေဖုန္န၊ ပိသပ၊ အာရတို့ဖြစ်၏။-
39. ဥလ္လ၏သားမြေးများမှာအာရ၊ ဟံယေလ၊ ရေဇိယတို့ဖြစ်သတည်း။