14. မနာရှေသည်အာရမိအမျိုးသမီးမယား ငယ်နှင့်ရသောသားနှစ်ယောက်မှာ အာသရေလ နှင့်မာခိရဖြစ်၏။ မာခိရ၏သားသည်ဂိလဒ် ဖြစ်၏။-
15. မာခိရသည်ဟုပိမ်နှင့်ရှုပိမ်တို့အတွက်အိမ် ထောင်ဖက်များကိုရှာ၍ပေး၏။ သူ့နှမ ၏နာမည်မှာမာခါဖြစ်၏။ မာခိရ၏ဒုတိယ သားမှာဇလောဖတ်ဖြစ်၍ထိုသူ၌သမီး များသာလျှင်ရှိလေသည်။
16. မာခိရ၏ဇနီးမာခါသည်သားနှစ်ယောက် ကိုဖွားမြင်လေသည်။ သူတို့အားပေရက်နှင့် ရှေရက်ဟုနာမည်မှည့်၏။ ပေရက်တွင်ဥလံ နှင့်ရေကင်ဟူသောသားနှစ်ယောက်ရှိ၏။-
17. ဥလံတွင်ဗေဒန်နာမည်တွင်သောသားတစ် ယောက်ရှိလေသည်။ ဤသူတို့ကားမာခိရ ၏သား၊ မနာရှေ၏မြေးဂိလဒ်မှဆင်းသက် လာသူများဖြစ်ကြ၏။
18. ဂိလဒ်၏နှမ၊ ဟမ္မောလေကက်တွင် ဣရှောဒ၊ အဗျေဇာ၊ မဟာလဟူ၍သားသုံးယောက် ရှိ၏။-
19. (ရှမိဒတွင်အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံဟူ၍သားလေးယောက်ရှိ၏။)