70. ထိုသူတို့သည်အနောက်ပိုင်းမနာရှေနယ်မှ အနေရမြို့၊ ဗိလံမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုရရှိကြ၏။
71. ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
72. ဣသာခါနယ်မှကေဒေရှမြို့၊ ဒါဗရတ်မြို့၊
73. ရာမုတ်မြို့၊ အာနင်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
74. အာရှာနယ်မှမိရှလမြို့၊ အာဗဒုန်မြို့၊
75. ဟုကုတ်၊ ရဟောဘမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
76. နဿလိနယ်မှဂါလိလဲပြည်ရှိကေဒေရှမြို့၊ ဟမ္မုန်မြို့၊ ကိရယသိမ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရ ရှိကြ၏။
77. မေရာရိသားချင်းစုမှကြွင်းကျန်နေသော အိမ်ထောင်စုတို့သည် ဇာဗုလုန်နယ်မှရိမ္မုန်မြို့၊ တာဗော်မြို့နှင့်ယင်းတို့၏အနီးတစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
78. ရုဗင်နယ်မှယေရိခေါမြို့၏အလွန်ယော်ဒန် မြစ်အရှေ့ဘက်ကမ်း၊ ယာဇကုန်းပြင်မြင့်ပေါ် ရှိဗေဇာမြို့၊-
79. ကေဒမုတ်မြို့၊ မေဖတ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
80. ဂဒ်နယ်မှဂိလဒ်ပြည်ရာမုတ်မြို့၊ မဟာနိမ်မြို့၊
81. ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။