66. ကောဟတ်သားချင်းစုထဲမှအချို့သောအိမ် ထောင်စုတို့သည် ဧဖရိမ်နယ်မှမြို့များနှင့် မြက်ခင်းများကိုရရှိကြ၏။-
67-69. ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-
70. ထိုသူတို့သည်အနောက်ပိုင်းမနာရှေနယ်မှ အနေရမြို့၊ ဗိလံမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုရရှိကြ၏။
71. ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
72. ဣသာခါနယ်မှကေဒေရှမြို့၊ ဒါဗရတ်မြို့၊
73. ရာမုတ်မြို့၊ အာနင်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
74. အာရှာနယ်မှမိရှလမြို့၊ အာဗဒုန်မြို့၊