60. သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
61. ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
62. ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
63. ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-
64. ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။-