8. ဇာဒုတ်၊ အဟိမတ်၊-
9. အာဇရိ၊ ယောဟနန်ဟူ၍လည်းကောင်း၊
51-53. ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊- မရာယုတ်၊ အာမရိ၊ အဟိတုပ်၊ ဇာဒုတ်၊ အဟိမတ်ဟူ၍ဖြစ်၏။
54-55. ကောဟတ်သားချင်းစုဖြစ်သော၊ အာရုန် ၏သားမြေးများပထမဆုံးဝေစုအဖြစ်ဖြင့် ခွဲဝေပေးခြင်းခံရသည့်နယ်မြေများမှာ ယုဒနယ်မှဟေဗြုန်မြို့နှင့်ပတ်ဝန်းကျင် ရှိမြက်ခင်းများဖြစ်၏။-
56. ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
57-59. အာရုန်၏သားမြေးတို့အားခွဲဝေပေးသည့်မြို့ များမှာ အပြစ်လွတ်ငြိမ်းခွင့်ရရန်ခိုလှုံရာဖြစ် သောဟေဗြုန်မြို့၊ ယတ္တိယမြို့၊ လိဗန၊ ဧရှတမော၊ ဟောလုန်၊ ဒေဗိရ၊ အာရှန်ဗက်ရှေမက်မြို့များ နှင့်ထိုမြို့တို့နှင့်သက်ဆိုင်ရာမြက်ခင်းများ ဖြစ်ပေသည်။-
60. သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
61. ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
62. ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-