၁ ရာ​ချုပ် 6:44-47-64 Common Language Bible (BCL)

8. ဇာ​ဒုတ်၊ အ​ဟိ​မတ်၊-

9. အာ​ဇ​ရိ၊ ယော​ဟနန်​ဟူ​၍​လည်း​ကောင်း၊

44-47. မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။

48. ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

49. အာ​ရုန်​နှင့်​သူ​၏​သား​မြေး​တို့​သည်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​နှင့် ပလ္လင်​ပေါ် တွင်​တင်​၍​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ဆက်​သ ရ​ကြ​၏။ သူ​တို့​သည်​အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​၌​ကိုး​ကွယ်​ဝတ်​ပြု​မှု​မှန်​သ​မျှ ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​မှု​များ ကို​လည်း​ကောင်း၊ တာ​ဝန်​ယူ​၍​ဆောင်​ရွက် ရ​ကြ​၏။ ယင်း​သို့​ဆောင်​ရွက်​ရာ​၌​သူ​တို့ သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​သူ မော​ရှေ​ဆင့်​ဆို​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရ​ကြ​ပေ​သည်။-

50. အာ​ရုန်​၏​သား​မြေး​များ​စာ​ရင်း​မှာ​အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊-

51-53. ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊- မ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊ ဇာ​ဒုတ်၊ အ​ဟိ​မတ်​ဟူ​၍​ဖြစ်​၏။

54-55. ကော​ဟတ်​သား​ချင်း​စု​ဖြစ်​သော၊ အာ​ရုန် ၏​သား​မြေး​များ​ပ​ထ​မ​ဆုံး​ဝေ​စု​အ​ဖြစ်​ဖြင့် ခွဲ​ဝေ​ပေး​ခြင်း​ခံ​ရ​သည့်​နယ်​မြေ​များ​မှာ ယု​ဒ​နယ်​မှ​ဟေ​ဗြုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင် ရှိ​မြက်​ခင်း​များ​ဖြစ်​၏။-

56. ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​လယ်​များ၊ ရွာ​များ​ကို မူ​ယေ​ဖုန္န​၏​သား​ကာ​လက်​က​ရ​ရှိ​လေ​သည်။-

57-59. အာ​ရုန်​၏​သား​မြေး​တို့​အား​ခွဲ​ဝေ​ပေး​သည့်​မြို့ များ​မှာ အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​ရန်​ခို​လှုံ​ရာ​ဖြစ် သော​ဟေ​ဗြုန်​မြို့၊ ယတ္တိ​ယ​မြို့၊ လိ​ဗ​န၊ ဧ​ရှ​တ​မော၊ ဟော​လုန်၊ ဒေ​ဗိ​ရ၊ အာ​ရှန်​ဗက်​ရှေ​မက်​မြို့​များ နှင့်​ထို​မြို့​တို့​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း​များ ဖြစ်​ပေ​သည်။-

60. သူ​တို့​သည်​င်္ဗယာ​မိန်​နယ်​မှ​ဂေ​ဗ၊ အာ​လ​မက်၊ အာ​န​သုတ်​မြို့​များ​နှင့်​သက်​ဆိုင်​ရာ​မြက်​ခင်း များ​ကို​လည်း​ရ​ရှိ​ကြ​၏။ ဤ​သို့​လျှင်​သူ​တို့ ၏​အိမ်​ထောင်​စု​အား​လုံး​နေ​ထိုင်​ရန်​အ​တွက် စု​စု​ပေါင်း​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို​ရ​ရှိ​ကြ လေ​သည်။-

61. ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။

62. ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။-

63. ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။-

64. ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​နေ​ထိုင်​ရန် မြို့​များ​ကို​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​နှင့်​တ​ကွ​ခွဲ​ဝေ​ပေး ကြ​ကုန်​သည်။-

၁ ရာ​ချုပ် 6