4-7. အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ဧလဇာ၏သားမြေးစာရင်းမှာဧလဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာမရိ၊ အဟိတုပ်၊-
22. အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊-
23. ဧလကာန၊ ဧဗျာသပ်၊ အဿိရ၊
24. တာဟပ်၊ ဥရေလ၊ သြဇိ၊ ရှောလဟူ၍ဖြစ်၏။
25. ဧလကာနတွင်အာမသဲနှင့် အဟိမုတ်ဟူ သောသားနှစ်ယောက်ရှိ၏။-
26. အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း အဟိမုတ်၏သားမြေးစာရင်းမှာ အဟိမုတ်၊ ဧလကာန၊ ဇော်ဖဲ၊ နာဟတ်၊-
27. ဧလျာဘ၊ ယေရောဟံနှင့်ဧလကာနဟူ၍ ဖြစ်၏။
28. ရှမွေလတွင်သားကြီးယောလနှင့် သားငယ် အဘိယဟူ၍သားနှစ်ယောက်ရှိ၏။
29. အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း မေရာရိ၏သားမြေးစာရင်းမှာမေရာရိ၊ မဟာလိ၊ လိဗနိ၊ ရှိမိ၊ သြဇ၊-
30. ရှိမာ၊ ဟ္ဂျာနှင့်အသာယဟူ၍ဖြစ်၏။
31. ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။-
32. သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
33-38. ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။
39-43. ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။
44-47. မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။
48. ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။