8. ဗေလတို့ဖြစ်၏။ ဗေလသည်အာဇတ်၏သား ရှေမ၏မြေးဖြစ်၍ ယောလ၏သားချင်းစု ဝင်ဖြစ်ပေသည်။ ထိုသားချင်းစုသည်အာရော် မြို့တွင်လည်းကောင်း၊ ထိုမြို့မြောက်ဘက်နေ ဗောမြို့၊ ဗာလမောင်မြို့တို့တိုင်အောင်ရောက် ရှိသည့်နယ်မြေဒေသတွင်လည်းကောင်း နေထိုင်ကြလေသည်။-
9. ဂိလဒ်ပြည်တွင်သူတို့၏သိုးအုပ်၊ နွားအုပ် ကြီးများပွားများ၍လာသဖြင့် သူတို့၏ နယ်မြေသည်အရှေ့ဘက်သဲကန္တာရအဆုံး ဥဖရတ်မြစ်သို့တိုင်အောင်ကျယ်ပြန့်၏။
10. ရှောလုမင်းလက်ထက်၌ရုဗင်အနွယ်ဝင် တို့သည် ဟာဂရအမျိုးသားတို့ကိုတိုက် ခိုက်သတ်ဖြတ်ကာ ဂိလဒ်ပြည်အရှေ့ဘက် ပိုင်းကိုသိမ်းယူလေသည်။
11. ဂဒ်အနွယ်ဝင်တို့သည်ရုဗင်အနွယ်ဝင်တို့ နေထိုင်ရာအရပ်၏ မြောက်ဘက်ရှိဗာရှန် ပြည်တွင်နေထိုင်ကြ၏။ သူတို့၏ဒေသ သည်သလကာမြို့တိုင်အောင်ကျယ်ပြန့်၏။-
12. ယောလသည်အရေးအကြီးဆုံးသားချင်း စုကိုတည်ထောင်၍ရှာဖံကား ဒုတိယအရေး ကြီးဆုံးသားချင်းစုကိုတည်ထောင်သတည်း။ ဗာရှန်ပြည်တွင်အခြားသားချင်းစုတို့ ကိုတည်ထောင်သူများမှာယာနဲနှင့်ရှာဖတ် တို့ဖြစ်၏။-
13. အခြားအနွယ်ဝင်တို့သည်အောက်ပါသား ချင်းစုများဖြစ်ကြသောမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာနှင့်ယေဗာ တို့တွင်ပါဝင်ကြ၏။-