20. ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။-
21. သူတို့သည်ရန်သူများဘက်မှကုလားအုတ် ငါးသောင်း၊ သိုးနှစ်သိန်းငါးသောင်းနှင့်မြည်း နှစ်ထောင်ကိုလက်ရဖမ်းမိကြ၏။ သုံ့ပန်း တစ်သိန်းကိုလည်းရရှိကြ၏။-
22. ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။
23. အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
24. သူတို့သားချင်းစုခေါင်းဆောင်များမှာဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟော ဒဝိနှင့်ယာဒျေလတို့ဖြစ်ကြ၏။ ထိုသူတို့ အားလုံးသည်ထူးချွန်သောစစ်သူရဲများ ဖြစ်၍ မိမိတို့၏သားချင်းစုများပေါ်တွင် ထင်ပေါ်ကျော်စောသူများဖြစ်ကြ၏။
25. သို့ရာတွင်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားကိုသစ္စာဖောက်ကြ၏။ သူတို့ သည်မိမိတို့၏တိုင်းပြည်မှဘုရားသခင် နှင်ထုတ်ထားတော်မူသောသူတို့၏ဘုရား ကိုကိုးကွယ်ဝတ်ပြုရန်ကိုယ်တော်ကိုစွန့် ပစ်ကြ၏။-
26. သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။