2. ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)-
3. ယာကုပ်၏သားဦးဖြစ်သူရုဗင်တွင်ဟာ နုတ်၊ ဖာလု၊ ဟေဇရုံနှင့်ကာမိဟူ၍သား လေးယောက်ရှိ၏။-
4-6. အဖနှင့်သားနာမည်များအစဉ်အလိုက် အတိုင်း ယောလ၏သားမြေးစာရင်းမှာရှေ မာယ၊ ဂေါဂ၊ ရှေမိ၊ မိက္ခ၊ ရာယ၊ ဗာလနှင့် ဗေရာဟူ၍ဖြစ်၏။ အာရှုရိပြည်ကိုအစိုး ရသောဧကရာဇ်ဘုရင်တိဂလတ်ပိလေ သာသည် အနွယ်ခေါင်းဆောင်ဗေရာကို ဖမ်းဆီး၍ပြည်နှင်ဒဏ်ပေးလေသည်။
7. အိမ်ထောင်စုမှတ်တမ်းများအရရုဗင် အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ မှာ ယေယေလ၊ ဇာခရိနှင့်၊-
8. ဗေလတို့ဖြစ်၏။ ဗေလသည်အာဇတ်၏သား ရှေမ၏မြေးဖြစ်၍ ယောလ၏သားချင်းစု ဝင်ဖြစ်ပေသည်။ ထိုသားချင်းစုသည်အာရော် မြို့တွင်လည်းကောင်း၊ ထိုမြို့မြောက်ဘက်နေ ဗောမြို့၊ ဗာလမောင်မြို့တို့တိုင်အောင်ရောက် ရှိသည့်နယ်မြေဒေသတွင်လည်းကောင်း နေထိုင်ကြလေသည်။-
9. ဂိလဒ်ပြည်တွင်သူတို့၏သိုးအုပ်၊ နွားအုပ် ကြီးများပွားများ၍လာသဖြင့် သူတို့၏ နယ်မြေသည်အရှေ့ဘက်သဲကန္တာရအဆုံး ဥဖရတ်မြစ်သို့တိုင်အောင်ကျယ်ပြန့်၏။