12. ယောလသည်အရေးအကြီးဆုံးသားချင်း စုကိုတည်ထောင်၍ရှာဖံကား ဒုတိယအရေး ကြီးဆုံးသားချင်းစုကိုတည်ထောင်သတည်း။ ဗာရှန်ပြည်တွင်အခြားသားချင်းစုတို့ ကိုတည်ထောင်သူများမှာယာနဲနှင့်ရှာဖတ် တို့ဖြစ်၏။-
13. အခြားအနွယ်ဝင်တို့သည်အောက်ပါသား ချင်းစုများဖြစ်ကြသောမိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာနှင့်ယေဗာ တို့တွင်ပါဝင်ကြ၏။-
14. သူတို့သည်ဟုရိ၏သားအဘိဟဲလမှ ဆင်းသက်လာသူများဖြစ်ပေသည်။ အဘိ ဟဲလ၏ဘိုးဘေးများမှာဟုရိ၊ ယာရော်၊ ဂိလဒ်၊ မိက္ခေလ၊ ယေရှိရှဲ၊ ယာဒေါ၊ ဗုဇာဟိ တို့ဖြစ်သတည်း။-
15. အာဗဒျေလ၏သားဂုနိ၏မြေးအာဟိ သည် ထိုသားချင်းစုတို့၏ဦးစီးခေါင်း ဆောင်ဖြစ်သည်။-
16. သူတို့သည်ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်ရှိ မြို့များတွင်လည်းကောင်း၊ ရှာရုန်မြက်ခင်း များတစ်လျှောက်တွင်လည်းကောင်းနေထိုင် ကြ၏။-
17. (ဤစာရင်းမှတ်တမ်းများမှာယုဒဘုရင် ယောသံမင်းနှင့် ဣသရေလဘုရင်ယေရော ဗောင်မင်းတို့၏လက်ထက်၌ပြုစုရေးသား သောမှတ်တမ်းများဖြစ်သတည်း။)
18. ရုဗင်၊ ဂဒ်နှင့်အရှေ့ပိုင်းမနာရှေတို့တွင် လေး၊ ဋ္ဌား၊ ဒိုင်းလွှားကိုင်ဆောင်မှုတွင်ကောင်း စွာကျင်လည်သူ စစ်သားပေါင်းလေးသောင်း လေးထောင်ခုနစ်ရာ့ခြောက်ဆယ်ရှိ၏။-