9. ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။-
10. ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
11. ရှုအာ၏မောင်ကာလက်တွင်မဟိရဟူသော သားတစ်ယောက်ရှိ၏။ မဟိရ၏သားမှာဧရှ တုန်တည်း။-
12. ဧရှတုန်တွင်ဗက်ရာဖ၊ ပါသာ၊ တေဟိန္နဟူ၍ သားသုံးယောက်ရှိ၏။ တေဟိန္နသည်နာဟက် မြို့ကိုတည်ထောင်သူဖြစ်၏။ ထိုသူ၏သားမြေး များသည်ရေခါအရပ်တွင်နေထိုင်ကြလေ သည်။
13. ကေနတ်တွင်သြသံယေလနှင့်စရာယဟူ သောသားနှစ်ယောက်ရှိ၏။ သြသံယေလတွင် လည်းဟာသတ်နှင့်မောနောသဲဟူသောသားနှစ် ယောက်ရှိ၏။-