၁ ရာ​ချုပ် 4:3-4-10 Common Language Bible (BCL)

5. တေ​ကော​မြို့​ကို​တည်​ထောင်​သူ​အာ​ရှု​ရ​တွင် ဟေ​လ​နှင့်​နာ​ရ​နာ​မည်​တွင်​သော​မ​ယား နှစ်​ယောက်​ရှိ​၏။-

6. နာ​ရ​သည်​အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ​နှင့် ဟာ​ဟ​ရှ တာ​ရိ​ဟူ​သော​သား​လေး​ယောက်​ကို​ဖွား​မြင်​၍၊-

7. ဟေ​လ​သည်​ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်​ဟူ သော​သား​သုံး​ယောက်​ကို​ဖွား​မြင်​လေ​သည်။

8. ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။

9. ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-

၁ ရာ​ချုပ် 4