5. တေကောမြို့ကိုတည်ထောင်သူအာရှုရတွင် ဟေလနှင့်နာရနာမည်တွင်သောမယား နှစ်ယောက်ရှိ၏။-
6. နာရသည်အဟုဇံ၊ ဟေဖာ၊ တေမနိနှင့် ဟာဟရှ တာရိဟူသောသားလေးယောက်ကိုဖွားမြင်၍၊-
7. ဟေလသည်ဇေရက်၊ ယေဇော်၊ ဧသနန်ဟူ သောသားသုံးယောက်ကိုဖွားမြင်လေသည်။
8. ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။
9. ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။-
34-38. ထိုသူတို့၏သားချင်းစုဦးစီးခေါင်းဆောင် များမှာမေရှောဗပ်၊ယာမလက်၊အာမဇိ၏သား ယောရှ၊ယောလ၊စရာယ၏မြေး၊အာသေလ၏မြစ်၊ယောရှိဘိယ သားဖြစ်သောယေဟု၊ဧလျောနဲ၊ယာကောဘ၊ယေရှောဟာယ၊အသာယ၊ အဒျေလ၊ယေသိမျေလ၊ဗေနာယ၊ယေဒါယ၊ရှိမရိ၊ရှေမာယနှင့်အလ္လုန်မှဆင်း သက် လာသောရှိဖိ၏သားဇိဇ။ထိုသူတို့၏အိမ်ထောင်စုများသည်ဆက် လက်တိုးပွားများပြားလာသဖြင့်၊-
39. အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
40. သူတို့သည်ငြိမ်းချမ်းသာယာသည့်မြေပြန့် ဒေသတွင် စားကျက်ကောင်းများကိုအလုံ အလောက်တွေ့ရှိကြလေသည်။ ထိုအရပ်တွင် နေထိုင်ခဲ့ကြသူတို့မှာဟာမအမျိုးသား များဖြစ်သတည်း။
41. ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
42. ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။-
43. သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။