3-4. ဟုရသည်ဖခင်ဖြစ်သူကာလက်၏ဇနီးဧဖ ရတ်မှမွေးသောသားဦးဖြစ်၍ သူ၏သားမြေး တို့သည်ဗက်လင်မြို့ကိုတည်ထောင်ကြ၏။ ဟုရ တွင်ဧတံ၊ ပေနွေလ၊ ဧဇာဟူသောသားသုံး ယောက်ရှိ၏။ ဧတံတွင်ယေဇရေလ၊ ဣရှမ နှင့်ဣဒဗတ်ဟူသောသားသုံးယောက်နှင့် ဟာဇလေလပေါနိဟူသောသမီးတစ် ယောက်ရှိ၏။ ပေနွေလသည်ဂေဒေါ်မြို့ကို တည်ထောင်၍ဧဇာသည်ဟုရှမြို့ကိုတည် ထောင်၏။
28. ရှိမောင်၏အမျိုးအနွယ်တို့သည်ဒါဝိဒ် မင်း၏လက်ထက်တိုင်အောင်ဗေရရှေဘ မြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊-
29. ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊-
30. ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊-
31. ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ်မြို့တို့၌နေထိုင်ကြ၏။-
32. ထိုပြင်သူတို့သည်ဧတံ၊ အိန်း၊ ရိမ္မုန်၊ တောခင်၊ အာရှန်တည်းဟူသောမြို့ငါးမြို့နှင့်တကွ၊-