12. ဧရှတုန်တွင်ဗက်ရာဖ၊ ပါသာ၊ တေဟိန္နဟူ၍ သားသုံးယောက်ရှိ၏။ တေဟိန္နသည်နာဟက် မြို့ကိုတည်ထောင်သူဖြစ်၏။ ထိုသူ၏သားမြေး များသည်ရေခါအရပ်တွင်နေထိုင်ကြလေ သည်။
13. ကေနတ်တွင်သြသံယေလနှင့်စရာယဟူ သောသားနှစ်ယောက်ရှိ၏။ သြသံယေလတွင် လည်းဟာသတ်နှင့်မောနောသဲဟူသောသားနှစ် ယောက်ရှိ၏။-
14. မောနောသဲ၏သားမှာသြဖရာတည်း။စရာယ၏သားသည်လက်မှုပညာသည်ချိုင့်ဝှမ်း ကိုတည်ထောင်သူယွာဘဖြစ်၏။ ထိုချိုင့်ဝှမ်း တွင်နေထိုင်သူအပေါင်းတို့ကားလက်မှုပညာ ကျွမ်းကျင်သူအလုပ်သမားများဖြစ်သတည်း။
15. ယေဖုန္န၏သားဖြစ်သောကာလက်တွင်ဣရု၊ ဧလာ၊ နာမဟူသောသားသုံးယောက်ရှိ၏။ ဧလာ၏ သားမှာကေနတ်ဖြစ်၏။
16. ယေဟလလေလတွင်ဇိဖ၊ ဇိဖာ၊ တိရိ နှင့်အာသရေလဟူသောသားလေးယောက် ရှိ၏။
17-18. ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။
19. ဟောဒိယသည်နာဟံ၏နှမနှင့်စုံဖက်၏။ သူတို့၏သားမြေးများသည်ကိလမြို့တွင် နေထိုင်သောမာခသားချင်းစုကိုလည်း ကောင်း တည်ထောင်သူများဖြစ်ကြ၏။
20. ရှိမုန်တွင်အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်ဟူ သောသားလေးယောက်ရှိ၏။ဣရှိတွင်ဇောဟက်နှင့်ဗင်္ဇောဟက်ဟူသောသား နှစ်ယောက်ရှိ၏။