4. ဒါဝိဒ်မင်းသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်နှင့် ခြောက်လနန်းစံတော်မူစဉ် ဤသားခြောက် ပါးစလုံးကိုရရှိသတည်း။သူသည်ယေရုရှလင်မြို့တွင်သုံးဆယ့်သုံး နှစ်နန်းစံတော်မူ၍၊-
5. သားများထပ်မံ၍ရရှိလေသည်။အမျေလ၏သမီးဗာသရှေဘသည်ရှမွာ၊ ရှောဗပ်၊ နာသန်နှင့်ရှောလမုန်ဟူသောသား တော်လေးပါးကိုမွေးဖွား၏။
9. ဤသားများအပြင်မောင်းမတော်များနှင့်ရရှိ သည့်သားများရှိသေးသည်။ သူ့မှာတာမာနာ မည်တွင်သောသမီးတော်တစ်ပါးလည်းရှိ၏။
15. ယောရှိတွင်ယောဟာနန်၊ ယောယကိမ်၊ ဇေဒကိ နှင့် ရှလ္လုံဟူ၍သားတော်လေးပါးရှိ၏။-
16. ယောယကိမ်တွင်ယေခေါနိနှင့် ဇေဒကိဟူ သောသားတော်နှစ်ပါးရှိ၏။
17. ဗာဗုလုန်အမျိုးသားတို့ဖမ်းဆီးထိန်းသိမ်း သွားသည့် ယေခေါနိမင်းတွင်သားတော်ခုနစ် ပါးရှိ၏။ ထိုမင်း၏သားများမှာရှာလ သေလ၊-
18. မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတို့ဖြစ်၏။-
19. ပေဒါယတွင်ဇေရုဗဗေလနှင့် ရှိမိဟူသော သားတော်နှစ်ပါးရှိ၏။ ဇေရုဗဗေလတွင် မေရှုလံနှင့်ဟာနနိဟူသောသားတော်နှစ် ပါးနှင့် ရှေလောမိတ်ဟူသောသမီးတော် တစ်ပါးရှိ၏။-