1-3. ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊ဧဂလမွေးသောသားဣသရံ။
4. ဒါဝိဒ်မင်းသည်ဟေဗြုန်မြို့တွင်ခုနစ်နှစ်နှင့် ခြောက်လနန်းစံတော်မူစဉ် ဤသားခြောက် ပါးစလုံးကိုရရှိသတည်း။သူသည်ယေရုရှလင်မြို့တွင်သုံးဆယ့်သုံး နှစ်နန်းစံတော်မူ၍၊-
5. သားများထပ်မံ၍ရရှိလေသည်။အမျေလ၏သမီးဗာသရှေဘသည်ရှမွာ၊ ရှောဗပ်၊ နာသန်နှင့်ရှောလမုန်ဟူသောသား တော်လေးပါးကိုမွေးဖွား၏။
9. ဤသားများအပြင်မောင်းမတော်များနှင့်ရရှိ သည့်သားများရှိသေးသည်။ သူ့မှာတာမာနာ မည်တွင်သောသမီးတော်တစ်ပါးလည်းရှိ၏။
10-14. အဖအမည်နှင့်သားအမည်မျိုးရိုးစဉ်ဆက်မှာ ရှောလမုန်၊ ရောဗောင်၊ အဘိယ၊ အာသံ၊ ယောရှဖတ်၊ ယောရံ၊ အာခဇိ၊ ယောရှ၊ အာမဇိ၊ သြဇိ၊ ယောသံ၊ အာခတ်၊ ဟေဇကိ၊ မနာရှေ၊ အာမုန်၊ ယောရှိတည်း။-
15. ယောရှိတွင်ယောဟာနန်၊ ယောယကိမ်၊ ဇေဒကိ နှင့် ရှလ္လုံဟူ၍သားတော်လေးပါးရှိ၏။-