10. ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။
11. ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
12. မင်းကြီးသည်မိမိကြံစည်ထားတော်မူ သည့်အတိုင်း ဗိမာန်တော်တံတိုင်းများနှင့် တံတိုင်းပတ်လည်ရှိအခန်းများ၊ ဗိမာန် တော်ပစ္စည်းတန်ဆာများသိုမှီးရာနှင့် ထာဝရဘုရားအား ဆက်ကပ်ထားသည့် လှူဖွယ်ပစ္စည်းသိုလှောင်ခန်းတို့၏ပုံစံ များကိုလည်းပေးအပ်တော်မူ၏။-
13. ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။-