၁ ရာ​ချုပ် 28:1-5 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

2. ဒါ​ဝိဒ်​မင်း​သည်​ထို​သူ​တို့​ရှေ့​တွင်​ရပ်​လျက် မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။ မင်း​ကြီး​က``ငါ ၏​ပြည်​သူ​ပြည်​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ခြေ​တင်​ခုံ​ဖြစ်​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ရန်​အ​တွက်​အိမ်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လို​ပေ​သည်။ ဘု​ရား​သ​ခင် နာ​မ​တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော် တည်​ဆောက်​ရေး​အ​တွက်​ငါ​သည်​ပြင်​ဆင် မှု​များ​ကို​ပြု​ခဲ့​လေ​ပြီ။-

3. သို့​ရာ​တွင်​ငါ​သည်​စစ်​သည်​တစ်​ဦး​ဖြစ်​၍ များ​စွာ​သွေး​ထွက်​သံ​ယို​ဖြစ်​ပွား​စေ​ခဲ့ သ​ဖြင့် ငါ့​အား​ကိုယ်​တော်​က​မ​တည်​မ ဆောက်​ရ​ဟု​တား​မြစ်​တော်​မူ​၏။-

4. ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။-

5. ကိုယ်​တော်​သည်​ငါ့​အား​သား​များ​ထွန်း​ကား စေ​တော်​မူ​၍​ထို​သား​တို့​အ​နက်​ရှော​လ​မုန် ကို​ထာ​ဝ​ရ​ဘု​ရား​၏​နိုင်​ငံ​တည်း​ဟူ​သော ဣ​သ​ရေ​လ​ပြည်​ကို​အုပ်​စိုး​ရန်​ရွေး​ချယ် တော်​မူ​၏။''

14-16. မင်း​ကြီး​သည်​ခွက်​ဖ​လား​များ​အ​တွက်၊ မီး​ခွက်​နှင့်​မီး​တင်​ခုံ​တစ်​ခု​စီ​အ​တွက်၊ ရွှေ စား​ပွဲ​များ​အ​တွက်​နှင့် ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရာ​မုန့်​များ​တင်​သည့်​ရွှေ​စား ပွဲ​တစ်​ခု​စီ​အ​တွက်​ငွေ​ချိန်၊ ရွှေ​ချိန်​မည် မျှ​အ​သုံး​ပြု​ရ​မည်​ကို​ညွှန်​ကြား​တော် မူ​၏။-

၁ ရာ​ချုပ် 28