1. ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
2. ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
3. သို့ရာတွင်ငါသည်စစ်သည်တစ်ဦးဖြစ်၍ များစွာသွေးထွက်သံယိုဖြစ်ပွားစေခဲ့ သဖြင့် ငါ့အားကိုယ်တော်ကမတည်မ ဆောက်ရဟုတားမြစ်တော်မူ၏။-
4. ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-
14-16. မင်းကြီးသည်ခွက်ဖလားများအတွက်၊ မီးခွက်နှင့်မီးတင်ခုံတစ်ခုစီအတွက်၊ ရွှေ စားပွဲများအတွက်နှင့် ထာဝရဘုရား အားပူဇော်ရာမုန့်များတင်သည့်ရွှေစား ပွဲတစ်ခုစီအတွက်ငွေချိန်၊ ရွှေချိန်မည် မျှအသုံးပြုရမည်ကိုညွှန်ကြားတော် မူ၏။-