တစ်လစီတာဝန်ကျသည့်တပ်မဟာမှူးများ မှာ၊ပထမလ၌ဇာဗဒေလ၏သားယာရှောဗံ (သူသည်ယုဒအနွယ်ဝင်ဖာရက်၏သားချင်း စုဝင်ဖြစ်၏။)ဒုတိယလ၌အဟောဟိ၏သားမြေးဒေါဒဲ။ (သူ၏လက်ထောက်တပ်မှူးမှာမိကလုပ်ဖြစ်၏။)တတိယလ၌ယဇ်ပုရောဟိတ်ယောယဒ ၏သားဗေနာယ။ သူသည်နာမည်ကျော်သူရဲ ကောင်းသုံးကျိပ်တို့၏ခေါင်းဆောင်ဖြစ်သတည်း၊ (သူ၏သားအမိဇဗဒ်သည်သူ၏ရာထူးကို ဆက်ခံရရှိ၍တပ်မဟာမှူးဖြစ်လာ၏။)စတုတ္ထလ၌ယွာဘ၏ညီ၊ အာသဟေလ (သူ၏သားဇေဗဒိသည်ရာထူးကိုဆက်ခံ ရရှိ၏။)ပဉ္စမလ၌ဣဇဟာ၏သားမြေးရှံဟုတ်။ဆဋ္ဌမလ၌တေကောမြို့မှဣကေရှ၏ သားဣရ။သတ္တမလ၌ပေလာနိမြို့မှဧဖရိမ်အနွယ် ဝင်ဟေလက်။အဋ္ဌမလ၌ဟုရှမြို့မှသိဗေကဲ (သူသည် ယုဒအနွယ်၊ ဇာရသားချင်းစုမှဖြစ်၏။)နဝမလ၌အနေသောသိမြို့ဗင်္ယာမိန် အနွယ်ဝင် ဒေသမှအဗျေဇာ။ဒသမလ၌နေတောဖာသိမြို့မှမဟာရဲ (သူသည်ဇာရသားချင်းစုဝင်ဖြစ်၏။)ဧကဒသမလ၌ပိရသောနိမြို့မှဧဖရိမ် အနွယ်ဝင် ဒေသမှဗေနာယ။ဒွါဒသမလ၌နေတောဖာသိမြို့မှဟေလဒဲ (သူသည်သြသနေလ၏သားမြေးဖြစ်၏။)