၁ ရာ​ချုပ် 26:9-22 Common Language Bible (BCL)

9. မေ​ရှ​လေ​မိ​၏​အိမ်​ထောင်​စု​မှ အ​ရည်​အ​ချင်း နှင့်​ပြည့်​စုံ​သူ​တစ်​ဆယ့်​ရှစ်​ယောက်​ရ​ရှိ​၏။

12. ဗိ​မာန်​တော်​၏​အ​စောင့်​တပ်​သား​တို့​ကို အိမ်​ထောင် စု​များ​အ​လိုက်​အုပ်​စု​များ​ခွဲ​၍ အ​ခြား​လေ​ဝိ အ​နွယ်​ဝင်​တို့​နည်း​တူ​အ​လုပ်​တာ​ဝန်​များ​ကို ခွဲ​ခန့်​ပေး​လေ​သည်။-

13. လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-

14. ရှေ​လ​မိ​သည်​အ​ရှေ့​တံ​ခါး​ကို​ရ​၍ သူ​၏​သား ဇာ​ခ​ရိ​သည်​မြောက်​တံ​ခါး​ကို​ရ​လေ​သည်။ သူ သည်​အ​စဉ်​ပင်​အ​ကြံ​ကောင်း​ဉာဏ်​ကောင်း​ကို ပေး​တတ်​သူ​ဖြစ်​၏။-

15. သြ​ဗ​ဒေ​ဒုံ​သည်​တောင်​တံခါး​ကို​စောင့်​ရန် တာ​ဝန်​ကျ​၏။ သူ​၏​သား​တို့​သည်​ကုန် လှောင်​ရုံ​ကို​စောင့်​ရ​ကြ​၏။-

16. ရှု​ပိန်​နှင့်​ဟော​သ​တို့​သည်​အ​နောက်​တံ​ခါး​နှင့် အ​ထက်​လမ်း​ရှိ၊ ရှလ္လေ​ခက်​တံ​ခါး​တွင်​တာ​ဝန် ကျ​ကြ​၏။ အ​စောင့်​တာ​ဝန်​ကို​တစ်​ချိန်​ပြီး တစ်​ချိန် ခွဲ​ခန့်​သတ်​မှတ်​ထား​၏။-

17. အ​ရှေ့​မျက်​နှာ​တွင်​အ​စောင့်​တပ်​သား​ခြောက် ယောက်၊ မြောက်​မျက်​နှာ​တွင်​လေး​ယောက်​နှင့် တောင်​မျက်​နှာ​တွင်​လေး​ယောက်​နေ့​စဉ်​တာ​ဝန် ကျ​လေ​သည်။ ကုန်​လှောင်​ရုံ​များ​တွင်​တစ်​ရုံ လျှင်​ခြောက်​ယောက်​စီ​နေ့​စဉ်​တပ်​သား​လေး ယောက်​စောင့်​ရ​ကြ​၏။-

18. အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-

19. ဤ​ကား​ကော​ရ​၏​အိမ်​ထောင်​စု​နှင့်​မေ​ရာ​ရိ ၏​အိမ်​ထောင်​စု​တို့​အား​အ​စောင့်​တာ​ဝန်​ခွဲ​ခန့် သတ်​မှတ်​ပေး​ပုံ​ဖြစ်​သ​တည်း။

20. အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-

21. ဂေ​ရ​ရှုံ​၏​သား​လာ​ဒန်​သည်​ယေ​ဟေ​လိ​အိမ် ထောင်​စု​အ​ပါ​အ​ဝင် အိမ်​ထောင်​စု​များ​၏​ဘိုး ဘေး​ဖြစ်​၏။-

22. လာ​ဒန်​၏​အ​ခြား​သား​များ​ဖြစ်​ကြ​သော ဇေ​သံ​နှင့်​ယော​လ​တို့​သည် ဗိ​မာန်​တော်​ဘဏ္ဍာ တိုက်​နှင့်​ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​လေ​သည်။

၁ ရာ​ချုပ် 26