3. ဧလံ၊ ယောဟနန်နှင့်ဧလဲသြနဲဟူ၍ကြီးစဉ် ငယ်လိုက်သားခုနစ်ယောက်ရှိ၏။
8. သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။
9. မေရှလေမိ၏အိမ်ထောင်စုမှ အရည်အချင်း နှင့်ပြည့်စုံသူတစ်ဆယ့်ရှစ်ယောက်ရရှိ၏။
12. ဗိမာန်တော်၏အစောင့်တပ်သားတို့ကို အိမ်ထောင် စုများအလိုက်အုပ်စုများခွဲ၍ အခြားလေဝိ အနွယ်ဝင်တို့နည်းတူအလုပ်တာဝန်များကို ခွဲခန့်ပေးလေသည်။-
13. လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
14. ရှေလမိသည်အရှေ့တံခါးကိုရ၍ သူ၏သား ဇာခရိသည်မြောက်တံခါးကိုရလေသည်။ သူ သည်အစဉ်ပင်အကြံကောင်းဉာဏ်ကောင်းကို ပေးတတ်သူဖြစ်၏။-
15. သြဗဒေဒုံသည်တောင်တံခါးကိုစောင့်ရန် တာဝန်ကျ၏။ သူ၏သားတို့သည်ကုန် လှောင်ရုံကိုစောင့်ရကြ၏။-
16. ရှုပိန်နှင့်ဟောသတို့သည်အနောက်တံခါးနှင့် အထက်လမ်းရှိ၊ ရှလ္လေခက်တံခါးတွင်တာဝန် ကျကြ၏။ အစောင့်တာဝန်ကိုတစ်ချိန်ပြီး တစ်ချိန် ခွဲခန့်သတ်မှတ်ထား၏။-
17. အရှေ့မျက်နှာတွင်အစောင့်တပ်သားခြောက် ယောက်၊ မြောက်မျက်နှာတွင်လေးယောက်နှင့် တောင်မျက်နှာတွင်လေးယောက်နေ့စဉ်တာဝန် ကျလေသည်။ ကုန်လှောင်ရုံများတွင်တစ်ရုံ လျှင်ခြောက်ယောက်စီနေ့စဉ်တပ်သားလေး ယောက်စောင့်ရကြ၏။-
18. အနောက်မျက်နှာစင်္ကြံအနီးလမ်းပေါ်တွင် အစောင့်တပ်သားလေးယောက်နှင့်စင်္ကြံထဲ တွင်နှစ်ယောက်ရှိ၏။-