20. အခြားလေဝိအနွယ်ဝင်တို့ သည်ဗိမာန်တော်ဘဏ္ဍာတိုက်နှင့်ဘုရားသခင် အတွက် ဆက်ကပ်ထားသောလှူဖွယ်ပစ္စည်းများ သိုမှီးရာ ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရကြ၏။-
21. ဂေရရှုံ၏သားလာဒန်သည်ယေဟေလိအိမ် ထောင်စုအပါအဝင် အိမ်ထောင်စုများ၏ဘိုး ဘေးဖြစ်၏။-
22. လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။
23. အာမရံ၏သားမြေးများဖြစ်ကြသော ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ကိုလည်း အလုပ်တာဝန်ခံများခွဲခန့်သတ်မှတ်၍ ပေး၏။
24. မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။-
25. သူသည်ဂေရရှုံ၏ညီ၊ ဧလျာဇာနှင့်ဆက်စပ် ၍ရှေလောမိတ်၏ဆွေမျိုးဖြစ်လာလေသည်။ ဧလျာဇာ၏သားသည်ရေဟဗိ၊ ရေဟဗိ၏ သားမှာယေရှာယ၊ ယေရှာယ၏သားကား ယောရံဖြစ်၏။ ယောရံ၏သားသည်ဇိခရိ ဖြစ်၍ဇိခရိ၏သားမှာရှေလောမိတ်ဖြစ် သတည်း။-
26. ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ဘုရားသခင်အားဒါဝိဒ်မင်းကြီး၊ အိမ်ထောင် ဦးစီးများ၊ သားချင်းစုခေါင်းဆောင်များနှင့် စစ်တပ်အရာရှိများဆက်ကပ်ထားသည့်လှူ ဖွယ်ပစ္စည်းများကိုတာဝန်ယူ၍ထိန်းသိမ်း ရကြ၏။-
27. သူတို့သည်စစ်ပွဲမှတိုက်ရာပါပစ္စည်းအချို့ ကိုယူ၍ ဗိမာန်တော်တွင်အသုံးပြုရန် ဆက်ကပ်ကြလေသည်။-
28. ရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ပရောဖက်ရှမွေလ၊ ရှောလုမင်း၊ နေရ၏သား အာဗနာနှင့်ဇေရုယာ၏သားယွာဘတို့ယူ ဆောင်လာသော လှူဖွယ်ပစ္စည်းများအပါအဝင် ဗိမာန်တော်တွင် အသုံးပြုရန်ဆက်ကပ်လေ သမျှသောအရာတို့ကိုတာဝန်ယူ၍ထိန်း သိမ်းရကြ၏။