၁ ရာ​ချုပ် 26:18-22 Common Language Bible (BCL)

18. အ​နောက်​မျက်​နှာ​စင်္ကြံ​အ​နီး​လမ်း​ပေါ်​တွင် အ​စောင့်​တပ်​သား​လေး​ယောက်​နှင့်​စင်္ကြံ​ထဲ တွင်​နှစ်​ယောက်​ရှိ​၏။-

19. ဤ​ကား​ကော​ရ​၏​အိမ်​ထောင်​စု​နှင့်​မေ​ရာ​ရိ ၏​အိမ်​ထောင်​စု​တို့​အား​အ​စောင့်​တာ​ဝန်​ခွဲ​ခန့် သတ်​မှတ်​ပေး​ပုံ​ဖြစ်​သ​တည်း။

20. အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-

21. ဂေ​ရ​ရှုံ​၏​သား​လာ​ဒန်​သည်​ယေ​ဟေ​လိ​အိမ် ထောင်​စု​အ​ပါ​အ​ဝင် အိမ်​ထောင်​စု​များ​၏​ဘိုး ဘေး​ဖြစ်​၏။-

22. လာ​ဒန်​၏​အ​ခြား​သား​များ​ဖြစ်​ကြ​သော ဇေ​သံ​နှင့်​ယော​လ​တို့​သည် ဗိ​မာန်​တော်​ဘဏ္ဍာ တိုက်​နှင့်​ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​လေ​သည်။

၁ ရာ​ချုပ် 26