၁ ရာ​ချုပ် 25:3-8 Common Language Bible (BCL)

3. ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။

4. ဟေ​မန်​၏​သား​တစ်​ဆယ့်​လေး​ယောက်​မှာ ဗုက္ကိ၊ မတ္တ​နိ၊ သြ​ဇေ​လ၊ ရှေ​ဗွေ​လ၊ ယေ​ရိ​မုတ်၊ ဟာ​န​နိ၊ ဟာ​နန်၊ ဧ​လျာ​သ၊ ဂိဒ္ဒါ​လ​တိ၊ ရော​မန္တေ​ဇာ၊ ယော​ရှ​ဗေ​က​ရှ၊ မလ္လော​သိ၊ ဟော​သိ​ရ၊ မ​ဟာ​ဇုတ်​ဟူ​၍​ဖြစ်​သ​တည်း။-

5. ဘု​ရင်​၏​ပ​ရော​ဖက်​ဖြစ်​သူ​ဟေ​မန်​အား​ဘု​ရား​သ​ခင်​သည် မိ​မိ​ကတိ​တော်​ရှိ​သည့်​အ​တိုင်း​ချီး မြှင့်​ရန် သား​တစ်​ဆယ့်​လေး​ယောက်​နှင့်​သ​မီး​သုံး ယောက်​ကို​ပေး​တော်​မူ​၏။-

6. သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။

7. ဤ​သူ​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​ညီ​အစ်​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် လေ့​ကျင့်​ထား​သော ဂီ​တ​ပ​ညာ​သည်​များ​ဖြစ်​၍​အ​ထူး​ကျွမ်း ကျင်​သူ​များ​တည်း။ သူ​တို့​၏​ဦး​ရေ​မှာ​စု​စု ပေါင်း​နှစ်​ရာ​ရှစ်​ဆယ့်​ရှစ်​ယောက်​ဖြစ်​၏။

8. ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။

၁ ရာ​ချုပ် 25