၁ ရာ​ချုပ် 25:1-3 Common Language Bible (BCL)

1. ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

2. အာ​သပ်​၏​သား​များ​ဖြစ်​ကြ​သော​ဇက္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ​နှင့်​အာ​ရှ​ရေ​လ​တို့​သည်​မင်း​ကြီး​အ​မိန့် ပေး​သည့်​အ​ခါ​တိုင်း ဘု​ရား​သခင်​၏​တ​ရား​တော် ကို​ဟော​ပြော​ရ​သူ​အာ​သပ်​၏​ညွှန်​ကြား​ကွပ် ကဲ​မှု​ကို​ခံ​ယူ​ရ​ကြ​၏။

3. ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။

၁ ရာ​ချုပ် 25