19. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။
20. လေဝိမှဆင်းသက်လာသူအခြားအိမ်ထောင် ဦးစီးများမှာ ရှုဗွေလမှတစ်ဆင့်အာမရံ မှဆင်းသက်လာသူယေဒေယ။
21. ရေဟဘိမှဆင်းသက်လာသူဣရှယာ။
22. ရှေလောမိတ်မှတစ်ဆင့်ဣဇဟာမှဆင်းသက် လာသူယာဟတ်။
23. ကြီးစဉ်ငယ်လိုက်ဟေဗြုန်၏သားများဖြစ် သောယေရိ၊ အာမရိ၊ ယဟာဇေလနှင့် ယေကမံ။
24. မိက္ခာမှတစ်ဆင့်သြဇေလမှဆင်းသက်လာသူ ရှမိရ။
25. သြဇေလ၏သား၊ မိက္ခာ၏ညီဣရှယာမှတစ်ဆင့် သြဇေလမှဆင်းသက်လာသူဇာခရိ။
26. မေရာရိမှဆင်းသက်လာသူများဖြစ်ကြသော မဟာလိ၊ မုရှိနှင့်ယာဇိ။-
27. ရှောဟံ၊ ဇက္ကုရနှင့်ဣဗရိဟူ၍သားသုံးယောက် ယာဇိ၌ရှိ၏။-