၁ ရာ​ချုပ် 24:19-31 Common Language Bible (BCL)

19. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဘိုး​ဘေး အာ​ရုန်​စီ​ရင်​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ဗိ​မာန် တော်​သို့​သွား​ရောက်​၍ မိ​မိ​တို့​အပ်​နှင်း​ခံ​ရ​သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​ရန် ဤ သူ​တို့​၏​နာ​မည်​များ​ကို​မှတ်​ပုံ​တင်​၍​ထား လေ​သည်။

20. လေ​ဝိ​မှ​ဆင်း​သက်​လာ​သူ​အ​ခြား​အိမ်​ထောင် ဦး​စီး​များ​မှာ ရှု​ဗွေ​လ​မှ​တစ်​ဆင့်​အာ​မ​ရံ မှ​ဆင်း​သက်​လာ​သူ​ယေ​ဒေ​ယ။

21. ရေ​ဟ​ဘိ​မှ​ဆင်း​သက်​လာ​သူ​ဣ​ရှ​ယာ။

22. ရှေ​လော​မိတ်​မှ​တစ်​ဆင့်​ဣ​ဇ​ဟာ​မှ​ဆင်း​သက် လာ​သူ​ယာ​ဟတ်။

23. ကြီး​စဉ်​ငယ်​လိုက်​ဟေ​ဗြုန်​၏​သား​များ​ဖြစ် သော​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့် ယေ​က​မံ။

24. မိက္ခာ​မှ​တစ်​ဆင့်​သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ ရှ​မိ​ရ။

25. သြ​ဇေ​လ​၏​သား၊ မိက္ခာ​၏​ညီ​ဣ​ရှ​ယာ​မှ​တစ်​ဆင့် သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ​ဇာ​ခ​ရိ။

26. မေ​ရာ​ရိ​မှ​ဆင်း​သက်​လာ​သူ​များ​ဖြစ်​ကြ​သော မ​ဟာ​လိ၊ မု​ရှိ​နှင့်​ယာ​ဇိ။-

27. ရှော​ဟံ၊ ဇက္ကု​ရ​နှင့်​ဣဗရိ​ဟူ​၍​သား​သုံး​ယောက် ယာ​ဇိ​၌​ရှိ​၏။-

28-29. ဧ​လာ​ဇာ​နှင့်​ကိ​ရှ​ဟူ​သော​သား​နှစ်​ယောက် မ​ဟာ​လိ​၌​ရှိ​၏။ ဧ​လာ​ဇာ​တွင်​သား​မ​ရှိ။ သို့​ရာ​တွင်​ကိ​ရှ​၌​ယေ​ရ​မေ​လ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။-

30. မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။

31. မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။

၁ ရာ​ချုပ် 24