18. ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
19. ကောဟတ်၏တတိယသားဟေဗြုန်တွင်ယေရိ၊ အာမရိ၊ ယဟာဇေလနှင့်ယေကမံဟူသော သားလေးယောက်ရှိ၏။-
20. ကောယတ်၏စတုတ္ထသားသြဇေလတွင် မိက္ခာနှင့်ယေရှိဟူ၍သားနှစ်ယောက်ရှိ၏။
21. မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
22. ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-