14. သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
15. မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
16. ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
17. ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။
18. ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
19. ကောဟတ်၏တတိယသားဟေဗြုန်တွင်ယေရိ၊ အာမရိ၊ ယဟာဇေလနှင့်ယေကမံဟူသော သားလေးယောက်ရှိ၏။-
20. ကောယတ်၏စတုတ္ထသားသြဇေလတွင် မိက္ခာနှင့်ယေရှိဟူ၍သားနှစ်ယောက်ရှိ၏။
21. မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
22. ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
23. မေရာရိ၏ဒုတိယသားမုရှိတွင်မဟာလိ၊ ဧဒါနှင့်ယေရိမုတ်ဟူသောသားသုံးယောက် ရှိ၏။
24. ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။
25. ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။-