12. ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန် နှင့်သြဇေလဟူ၍သားလေးယောက်ရှိ၏။-
13. သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။-
14. သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
15. မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
16. ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
17. ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။
18. ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-