2. ဒါဝိဒ်မင်းသည်ဣသရေလအမျိုးသား ခေါင်းဆောင်ရှိသမျှတို့နှင့် ယဇ်ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်အပေါင်းတို့ကို စုရုံးစေတော်မူ၏။-
3. အသက်သုံးဆယ်နှင့်အထက်ရှိသောလေဝိ အနွယ်ဝင်အမျိုးသားတို့ကိုစာရင်းကောက် ယူရာ စုစုပေါင်းသုံးသောင်းရှစ်ထောင်ရှိ သတည်း။-
4. မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။-
5. လူလေးထောင်တို့အားတံခါးစောင့်တာဝန်ကို အပ်နှင်းလျက် အခြားလေးထောင်တို့ကိုမင်း ကြီးပေးအပ်ထားသည့်တူရိယာများဖြင့် ထာဝရဘုရားအားထောမနာပြုကြရန် ခွဲခန့်သတ်မှတ်၍ပေးတော်မူ၏။
6. ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
7. ဂေရရှုံတွင်လာဒန်နှင့်ရှိမိဟူသောသား နှစ်ယောက်ရှိ၏။-
8. လာဒန်တွင်ယေဟေလ၊ ဇေသံနှင့်ယောလ ဟူသောသားသုံးယောက်ရှိ၏။-
9. သူတို့သည်ယာဒန်မှဆင်းသက်လာသော ဆွေမျိုးသားချင်းစုဦးစီးများဖြစ်ကြ၏။ (ရှိမိတွင်ရှေလောမိတ်၊ ဟာဇေလနှင့်ဟာရန် ဟူသောသားသုံးယောက်ရှိ၏။-)
10-11. ရှိမိတွင်ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိဟူ၍ကြီး စဉ်ငယ်လိုက်သားလေးယောက်ရှိ၏။ ယုရှနှင့် ဗေရိနှစ်ဦးတို့တွင်သားမြေးများစွာမရှိ သဖြင့် သူတို့အားတာဝန်ပေးအပ်ရာတွင် သားချင်းစုတစ်စုအဖြစ်ဖြင့်သတ်မှတ်၍ ထားသတည်း။
12. ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန် နှင့်သြဇေလဟူ၍သားလေးယောက်ရှိ၏။-
13. သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။-
14. သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
15. မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
16. ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-