၁ ရာ​ချုပ် 23:1-7 Common Language Bible (BCL)

1. ဒါ​ဝိဒ်​သည်​ကြီး​ရင့်​အို​မင်း​သော​အ​ခါ သား တော်​ရှော​လ​မုန်​ကို​ထီး​နန်း​လွှဲ​အပ်​တော်​မူ​၏။

2. ဒါ​ဝိဒ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​ရှိ​သ​မျှ​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​အ​ပေါင်း​တို့​ကို စု​ရုံး​စေ​တော်​မူ​၏။-

3. အ​သက်​သုံး​ဆယ်​နှင့်​အ​ထက်​ရှိ​သော​လေ​ဝိ အ​နွယ်​ဝင်​အ​မျိုး​သား​တို့​ကို​စာ​ရင်း​ကောက် ယူ​ရာ စု​စု​ပေါင်း​သုံး​သောင်း​ရှစ်​ထောင်​ရှိ သ​တည်း။-

4. မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။-

5. လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။

6. ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။

7. ဂေ​ရ​ရှုံ​တွင်​လာ​ဒန်​နှင့်​ရှိ​မိ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။-

10-11. ရှိ​မိ​တွင်​ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ​ဟူ​၍​ကြီး စဉ်​ငယ်​လိုက်​သား​လေး​ယောက်​ရှိ​၏။ ယု​ရှ​နှင့် ဗေ​ရိ​နှစ်​ဦး​တို့​တွင်​သား​မြေး​များ​စွာ​မ​ရှိ သ​ဖြင့် သူ​တို့​အား​တာ​ဝန်​ပေး​အပ်​ရာ​တွင် သား​ချင်း​စု​တစ်​စု​အ​ဖြစ်​ဖြင့်​သတ်​မှတ်​၍ ထား​သ​တည်း။

30-31. သူ​တို့​သည်​နံ​နက်​တိုင်း​ည​နေ​တိုင်း​ဥ​ပုသ် နေ့၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​တွင်​ပူ​ဇော် သ​ကာ​ဆက်​သ​ချိန်​တိုင်း ထာ​ဝ​ရ​ဘု​ရား ကို​ထော​မ​နာ​ပြု​၍​ဘုန်း​အ​သ​ရေ​တော် ချီး​ကူး​ရ​ကြ​၏။ ဤ​အ​မှု​ကို​တစ်​ကြိမ် လျှင်​လေ​ဝိ​အ​နွယ်​ဝင်​မည်​မျှ​ဆောင်​ရွက် ရ​မည်​ကို​သတ်​မှတ်​ထား​သည့်​နည်း​ဥ​ပ​ဒေ များ​ရှိ​၏။ လေဝိ​အ​နွယ်​ဝင်​တို့​အ​စဉ်​အ​မြဲ ထမ်း​ဆောင်​ရ​ကြ​သည့် တာ​ဝန်​ဝတ္တ​ရား​မှာ ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ဝတ်​ပြု​ကြ ရန်​ပင်​ဖြစ်​ပေ​သည်။-

၁ ရာ​ချုပ် 23