၁ ရာ​ချုပ် 22:13-19 Common Language Bible (BCL)

13. သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-

14. ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-

15. သင့်​မှာ​များ​စွာ​သော​အ​လုပ်​သ​မား များ​ရှိ​၏။ ကျောက်​ဆစ်​သ​မား​များ၊ ပန်း​ရံ များ၊ လက်​သ​မား​များ​နှင့်၊-

16. ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ​တို့​နှင့်​သက်​ဆိုင်​သော လက်​မှု​ပ​ညာ​သည်​အ​မျိုး​မျိုး​တို့​လည်း များ​စွာ​ရှိ​၏။ သင်​သည်​ယ​ခု​ပင်​အ​လုပ် ကို​စ​တင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင် နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့် တော်​မူ​၏။

17. ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​အား ရှော​လ​မုန်​ကို​ကူ​ညီ ကြ​ရန်​မိန့်​မှာ​တော်​မူ​၏။-

18. မင်း​ကြီး​က``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ လျက် သင်​တို့​အား​အ​ရပ်​တ​ကာ​တွင်​ငြိမ်း ချမ်း​သာ​ယာ​မှု​ကို​ပေး​တော်​မူ​ပြီ။ ကိုယ်​တော် သည်​ယ​ခင်​က​ဤ​ပြည်​တွင်​နေ​ထိုင်​ကြ​သူ တို့​အား​ငါ​၏​လက်​သို့​အပ်​တော်​မူ​၍ ငါ သည်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက်​နှိမ် နင်း​ခဲ့​၏။-

19. သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

၁ ရာ​ချုပ် 22