၁ ရာ​ချုပ် 21:6-8 Common Language Bible (BCL)

6. ယွာ​ဘ​သည်​ဘု​ရင်​၏​အ​မိန့်​ကို​မ​နှစ်​သက် သ​ဖြင့် လေ​ဝိ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​တွင် သန်း​ခေါင်​စာ​ရင်း​မ​ကောက်​ယူ​ခဲ့​ပေ။

7. ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို​ဘု​ရား​သ​ခင်​သည် နှစ်​သက်​တော်​မ​မူ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။-

8. ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည် ဤ​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး​လွန်​မိ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​သည် မိုက်​မဲ​စွာ​ပြု​မိ ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက် ထား​၏။

၁ ရာ​ချုပ် 21