၁ ရာ​ချုပ် 21:24-28 Common Language Bible (BCL)

24. သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-

25. ထို​နောက်​မင်း​ကြီး​သည်​အ​ရော​န​အား ရွှေ​ဒင်္ဂါး​ခြောက်​ရာ​ကို​ပေး​တော်​မူ​၍၊-

26. ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် တော်​မူ​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ ယ​ယဇ်​တို့​ကို​ပူ​ဇော်​တော်​မူ​၏။ မင်းကြီး ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​ပလ္လင်​ပေါ်​ရှိ​ယဇ်​ကောင်​များ ကို​မီး​ရှို့​ရန်​အ​တွက် ကောင်း​ကင်​မှ​မီး​ကို ချ​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​မင်း ကြီး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​တည်း။

27. ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​အား မိ​မိ​၏​ဋ္ဌား​ကို​ဖယ်​ရှား​လိုက်​ရန်​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း ကောင်း​ကင်​တ​မန်​သည် လည်း​ဖယ်​ရှား​လိုက်​၏။-

28. ဤ​အ​ချင်း​အ​ရာ​ကို​ဒါ​ဝိဒ်​မင်း​မြင်​သော် မိ​မိ​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သိ​လေ​၏။ သို့​ဖြစ်​၍​သူ​သည်​အ​ရော​န​၏​ကောက်​နယ် တ​လင်း​ရှိ​ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​များ​ကို ပူ​ဇော်​ခြင်း​ဖြစ်​သ​တည်း။-

၁ ရာ​ချုပ် 21