၁ ရာ​ချုပ် 21:23-25 Common Language Bible (BCL)

23. အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။

24. သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-

25. ထို​နောက်​မင်း​ကြီး​သည်​အ​ရော​န​အား ရွှေ​ဒင်္ဂါး​ခြောက်​ရာ​ကို​ပေး​တော်​မူ​၍၊-

၁ ရာ​ချုပ် 21