20. အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။-
21. အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။-
22. ဒါဝိဒ်က``ကပ်ရောဂါဘေးမှငြိမ်းစေရန် ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် နိုင်ရန်သင်၏ကောက်နယ်တလင်းကိုငါ့ အားရောင်းလော့။ တန်ဖိုးအပြည့်အဝ ငါပေးမည်'' ဟုအရောနအားဆို၏။
23. အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။
24. သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန်ဖိုးအပြည့်အဝငါပေးမည်။ သင်ပိုင် သည့်ပစ္စည်းတစ်စုံတစ်ရာနှင့်၊ ငါတန်ဖိုး မပေးဘဲရရှိသည့်အရာတစ်စုံတစ်ခု ကို ထာဝရဘုရားအားပူဇော်သကာ အဖြစ်ဖြင့်ငါမဆက်လို'' ဟုမိန့်တော် မူ၏။-
25. ထိုနောက်မင်းကြီးသည်အရောနအား ရွှေဒင်္ဂါးခြောက်ရာကိုပေးတော်မူ၍၊-
26. ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည် တော်မူပြီးလျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာ ယယဇ်တို့ကိုပူဇော်တော်မူ၏။ မင်းကြီး ဆုတောင်းပတ္ထနာပြုသောအခါထာဝရ ဘုရားသည်ပလ္လင်ပေါ်ရှိယဇ်ကောင်များ ကိုမီးရှို့ရန်အတွက် ကောင်းကင်မှမီးကို ချပေးတော်မူ၏။ ဤနည်းအားဖြင့်မင်း ကြီး၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူသတည်း။
27. ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-