2. ဒါဝိဒ်သည်ယွာဘနှင့်အခြားတပ်မှူးများ အား``သင်တို့သည်တိုင်းပြည်တစ်စွန်းမှ အခြားတစ်စွန်းသို့တိုင်အောင် ဣသရေလ နိုင်ငံတစ်လျှောက်လုံးကိုသွားရောက်၍လူဦး ရေစာရင်းကောက်ယူကြလော့။ လူဦးရေ မည်မျှရှိသည်ကိုငါသိလိုသည်'' ဟု မိန့်တော်မူ၏။
3. ယွာဘက``ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အား ယခုထက်အဆတစ်ရာ ပိုမိုတိုးပွားအောင်ပြုတော်မူပါစေသော။ အရှင်မင်းကြီး၊ သူတို့အပေါင်းသည်ကိုယ် တော်ရှင်၏အစေခံများဖြစ်ကြပါ၏။ ဣသရေလအမျိုးသားတစ်ရပ်လုံးအပြစ် ရကြစေရန် အဘယ်ကြောင့်ဤအမှုကို ပြုတော်မူပါသနည်း'' ဟုလျှောက်ထား၏။-
4. သို့ရာတွင်မင်းကြီးသည်မိမိ၏အမိန့် အတိုင်းလိုက်နာစေတော်မူ၏။ ယွာဘသည် ထွက်ခွာသွားပြီးလျှင် ဣသရေလနိုင်ငံ တစ်ခုလုံးသို့လှည့်လည်ကာယေရုရှလင် မြို့သို့ပြန်လာ၏။-
5. သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။-
6. ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။
7. ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင်သည် နှစ်သက်တော်မမူသဖြင့် ဣသရေလ အမျိုးသားတို့အားဒဏ်ခတ်တော်မူ၏။-
8. ဒါဝိဒ်က``ကျွန်တော်မျိုးသည် ဤကြောက်မက် ဖွယ်ကောင်းသောအပြစ်ကိုကူးလွန်မိပါပြီ။ ကျွန်တော်မျိုးအား အပြစ်ဖြေလွှတ်တော် မူပါ။ ကျွန်တော်မျိုးသည် မိုက်မဲစွာပြုမိ ပါပြီ'' ဟုဘုရားသခင်အားလျှောက် ထား၏။
9. ထိုအခါထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဖြစ်သူဂဒ်အား၊-
10. သင်သည်ဒါဝိဒ်ထံသို့သွားလော့။ ငါပြုရန် ရှိသည့်အမှုသုံးခုအနက် သူသည်မိမိ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင် ကြောင်းပြောကြားလော့။ သူရွေးချယ်ရာ ကိုငါပြုမည်'' ဟုမိန့်တော်မူ၏။
11. ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်အတိုင်းတင်ပြပြီးလျှင်၊-
12. ``အရှင်မင်းကြီး၊ သုံးနှစ်ပတ်လုံးအစာ ငတ်မွတ်ခေါင်းပါးသည့်ဘေး၊ သုံးလပတ် လုံးသင့်ကိုရန်သူလိုက်မီ၍ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံးကပ် ရောဂါတည်းဟူသောထာဝရဘုရား ၏ဋ္ဌားဖြင့် ကောင်းကင်တမန်ကိုစေလွှတ် ကာ ဣသရေလနိုင်ငံတစ်လျှောက်လုံး တွင်သတ်ဖြတ်မည့်ဘေးတို့အနက် အဘယ်ကိုရွေးချယ်တော်မူပါမည်နည်း။ ထာဝရဘုရားအားအကျွန်ုပ်ပြန်ကြား လျှောက်ထားရပါမည်'' ဟုလျှောက်လေ၏။